Local News

မြန်မာနိုင်ငံမှထွက်ရှိသောငှက်ပျောသီးကို တရုတ်နိုင်ငံသို့တရားဝင်တင်ပို့နိုင်ရေး နှစ်နိုင်ငံဝန်ကြီးဌာန များအကြား Virtual စနစ်ဖြင့် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ

Last Updated:

မြန်မာနိုင်ငံတွင် ဖီးကြမ်း၊ သီးမွှေး၊ တစ်သျူးငှက်ပျော၊ ငှက်ပျောသီး (ရိုးရိုး) နှင့် ရွှေနီစသည့် ငှက်ပျောမျိုးများကို အဓိကစိုက်ပျိုးပြီး ဖီးကြမ်းကိုအများဆုံးစိုက်ပျိုးကြပါသည်။၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ငှက်ပျောစိုက်ဧကမှာ ၁၀ သိန်းကျော်ခန့်ရှိကြောင်းသိရသည်။ မြစ်ကြီးနား မြို့တွင် တစ်သျူးငှက်ပျောကို အများဆုံးစိုက်ပျိုးကြပြီး တောင်ငူမြို့တွင်လည်း ငှက်ပျောသီး (ရိုးရိုး) ကို နိုင်ငံခြားသို့တင်ပို့ရန် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတင်ပို့ ခဲ့ရာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် (၄) သိန်းကျော်တင်ပို့ရောင်းချခဲ့ပြီး၊ ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ်တွင် တန်ချိန် (၄.၅) သိန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ရာ ဘဏ္ဍာနှစ်(၂)နှစ်ကို နှိုင်းယှဉ်လျင် တန်ချိန် (၅) သောင်းကျော်ထိ တိုးတက်တင်ပို့ရောင်းချနိုင်ကြောင်းသိရှိရပါသည်။       

    ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ခဲ့သည့် ပို့ကုန်အမယ်များအနက် တစ်သျူးငှက်ပျောတင်ပို့မှု အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ ငှက်ပျောသီး (ရိုးရိုး) ကို မြန်မာ-ထိုင်းနယ်စပ်မှ အများဆုံးတင်ပို့လျက်ရှိကြောင်းတွေ့ရှိရသည်။           

    လက်ရှိတွင် မြန်မာ-တရုတ်ကုန်သွယ်မှုတွင် သစ်သီးဝလံ (၈) မျိုးကိုသာ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ ခွင့်ပြုချက်ဖြင့်တရားဝင်တင်ပို့ခွင့်ရှိသည်။ ထို့ကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရဌာနများအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုး ထွက်ရှိသောငှက်ပျောသီးကို တရုတ်နိုင်ငံသို့တရားဝင်တိုးတက်တင်ပို့နိုင်ရေးအတွက် Covid-19 ကပ်ရောဂါကူးစက်မှုများကြားမှ အဆင်ပြေဆုံး ဖြစ်မည့် Virtual စနစ်ဖြင့် Protocol of Phytosanitary Requirements for the Export of Banana from Myanmar to China ကို လက်မှတ်ရေးထိုးနိင်ရေး ညှိနှိုင်းလျက်ရှိကြောင်းသတင်းရရှိပါသည်။

 

Source: https://mitc.myantrade.gov.mm/post/Trade News

Category: Local News